ဝေါလေမြိုင်မြို့ရှိ ကျေးရွာများသို့ ဆိုလာပါဝါများပေးအပ်ခြင်း ဆောင်ရွက်ပြီးစီး
Jun 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျော်လွှားဘားအံ ကုမ္ပဏီတို့ပူးပေါင်း၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင် စေရေးနှင့် ကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့ စေရန်ရည်ရွယ်၍ တစ်အိမ်သုံး ဆိုလာ ပါဝါများအား ဝေါလေမြိုင်မြို့ရှိ ကျေးရွာများသို့ ဖြန့်ဝေပေးအပ်ခြင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။