ချောင်းဆုံ၌ တောင်သူများအား မိုးစပါးချေးငွေဆက်လက်ထုတ်ချေး

ချောင်းဆုံ ဇွန် ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်က ဒေါင်းဥကျေးရွာရှိ တောင်သူ (၄၂) ဦးအား အဆိုပါဘဏ်ခွဲတွင် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ဇွန်လပထမပတ်ကစတင်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့် အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာတွင် ယနေ့တွင် တောင်သူ(၄၂)ဦး၊ လယ်ဧက (၂၂၃) ဧကအတွက် ထုတ်ချေးငွေကျပ် (၃၄၉) သိန်း၅သောင်းရှိပြီး ဇွန်လ ၂၄ ရက်နေ့အထိ ကျေးရွာပေါင်း (၁၀) ရွာ တောင်သူဦးရေ ပေါင်း (၄၉၈)ဦး၊ စိုက်ဧကပေါင်း (၃၀၆၁) ဧက၊ စုစုပေါင်းထုတ်ချေးငွေကျပ် (၄၅၉၁) သိန်း ၅ သောင်း ထုတ်ချေး ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)