မရမ်းကုန်း ဇွန် ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းမပေါ်ရှိ တိုက်ခန်း တစ်ခန်း၌ နေထိုင်သူ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် အဆိုပါလူနာနေထိုင်သည့် နေအိမ်တိုက်ခန်းနှင့် ပတ်ဝန်းကျင်အား ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်က ရွှေရောင် သမိုင်း ပရဟိတအသင်းမှ ပိုးသတ်ဆေးဖျန်းခြင်း အခမဲ့ကူညီဆောင်ရွက်ခဲ့သည်။
ထိုသို့ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ရာတွင် ရွှေရောင်သမိုင်းပရဟိတ အမာခံအသင်းဝင်များက (PPE) ဝတ်စုံများ စနစ်တကျ ဝတ်ဆင်ကာ အဆိုပါနေအိမ်တိုက်ခန်းနှင့် ပတ်ဝန်းကျင် လှေကား၊ တိုက်အရှေ့ အစရှိသည့်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။