ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ဒေးဒရဲ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို  ၂၃ ရက်နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က ဒေးဒရဲမြို့နယ်သည် ဧရာဝတီတိုင်း ဒေသကြီး၏ အဝင်၊ အထွက် ဂိတ်တစ်ခုဖြစ်၍ ဒေးဒရဲတံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ အောက်စီဂျင်တိုင်းခြင်း၊ ခရီးသွားပြည်သူတို့၏ ကိုယ်ရေးအချက်အလက်များ စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ Stay at Home သတ်မှတ်မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများအား Facility Quarantine ထားရှိရေး၊ Facility Quarantine Centre များ ကြိုတင်ပြင်ဆင်ထားရှိရေး လုပ်ငန်းများနှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် ကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်