ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 25,2021
ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ စျေးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အရန်မီးသတ်များ တက်ရောက်ကြသည်။