ဝန်းသို ဇွန် ၂၅
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာစေရေး Mask Campaign ပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ် ငန်းကို ယနေ့ နံနက် ၇ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးများပူးပါင်း၍ မြို့ပေါ်လူစည်ကားရာ လမ်းဆုံနေရာများ၊ မြို့မစျေးနှင့် မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် နှစ်ခုတို့တွင် အကြောင်း အမျိုးအမျိုးကြောင့် မဖြစ်မနေခရီးသွားလာနေသည့်ပြည်သူများ၊ နေအိမ်ပြင်ပ သွားလာနေသူများ၊ ဈေးရောင်း ဈေးဝယ်များ၊ ကျောင်းသားကျောင်းသူများအား ပါးစပ်ပိတ်နှာခေါင်းစည်း Mask များ တပ်ဆင် ထားခြင်းမရှိပါက နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင်