သာယာဝတီ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန် နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေးလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နန်းအေးခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းမှာ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာပြီး ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေသည့် အကျိုး ကျေးဇူးများ ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာရေးဆရာယုဒါ ရေးသားသည့် သောကြာညတွေကို ကျွန်မတို့ချစ်တယ် စာအုပ်ပါ အကြောင်း အရာများကို အမြင်ခြင်းဖလှယ်သည့်အနေဖြင့် အပြန်အလည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်