မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း   ဇွန်  ၂၅

 လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ် မြို့ဦးစေတီဘုရားဝန်းရှိ  မြစ်ဆိပ်၌ ကျင်းပဆောင်ရွက်ခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဝါဝါခိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဒေါ်နှင်းရည်စိုးနှင့် ဝန်ထမ်းများမှ သဘာဝရေပြင်အတွင်း ငါးမြစ်ချင်းအကောင်ပေါက် ၂ လက်မဆိုဒ် အကောင်ရေ တစ်သိန်းအား ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်း စုပေါင်း ဆောင်ရွက်သည်။

ဆက်လက်၍ ကျေးရွာများအတွင်း ငါးမျိုးဖြန့်ခွဲစိုက်ထည့်နိုင်ရန်အတွက် သစ်တိုဆိပ် ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ရေလိန်ကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာအုပ်စုနှင့် မြင်းကကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများအား ငါးမြစ်ချင်းငါးမျိုး များအား ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)