ဓနုဖြူမြို့နယ်တွင် မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့ပေါ်အခြေခံပညာကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့နံနက် ၁၀ နာရီ(၃၀)မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အား ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။