ကျိုင်းတုံ ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်ကျေးရွာအုပ်စု၊ ညောင်ညိုတောရ ကျောင်းတိုက် အေးငြိမ်းချမ်းသာ ဓမ္မာရုံတော်မြတ်ကြီး မန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ကျိုင်းတုံမြို့ သံသရာအေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့သည် ညောင်ညိုတောရကျောင်းတိုက် အေးငြိမ်းချမ်းသာ ဓမ္မာရုံတော်မြတ်ကြီး တည်ဆောက်ရန်အတွက် သတ်မှတ်နေရာများတွင် ပန္နက်တော်စိုက်ထူခဲ့ပြီး အမွှေးနံ့သာရည် ပက်ဖျန်းခဲ့ကြောင်း သိရသည်။
ညောင်ညိုတောရကျောင်းတွင် တည်ဆောက်မည့် ဓမ္မာရုံတော်မြတ်ကြီးသည် အလျားပေ ၁၀၀၊ အနံ ၄၅ ပေ ရှိပြီး ညောင်ညိုတောရကျောင်းတိုက်ဆရာတော် ဦးဆောင်မတည်ပြီး အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်