ကျိုင်းတောင်းမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ

ကျိုင်းတောင်း   ဇွန်   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၄ ညနေ ၃ နာရီခွဲအချိန်တွင် ကျိုင်းတောင်း မြို့ ဘောလုံးကွင်း၌ ဖွင့်လှစ် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျိုင်းတောင်းမြို့ မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးနန်းဝင်းမှ အဖွင့်အမှာစကားပြောကြား၍ မိုးနဲမြို့နယ် အားကာမှူး ဒေါ်သန်းသန်းစိုးမှ ကျိုင်းတောင်းမြို့အတွက် အားကစားပ္စည်းများထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဘောလုံးပြိုင်ပွဲအဖွင့်ပွဲကို အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့ ဘောလုံး ယှဉ်ပြိုင် ကစားနေမှုကို မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ဦးဝင်းမြင့်၊ ကျိုင်းတောင်းမြို့ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်အားပေးခဲ့ကြကြောင်း နှင့် အမှတ်(၅)ရပ်ကွက်နှင့်လအမှတ်(၆)ရပ်ကွက် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီ သရေ ဖြင့် ပြီးစီးသွားကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)