လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လက်ပံတန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်၍  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အထောက်အကူပြု ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်၍ အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါ က နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင် ခြင်း မရှိသူများအား (mask) နှာခေါင်းစည်(၄)ခုကို (၅၀၀)ကျပ်နှုန်းဖြင့် အသိပညာပေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်များ ဖြစ်သည့် မဟာဗျူဟာလမ်းဆုံနှင့် မြို့ထဲအဝင် ကျွန်းကလေးလမ်းဆုံတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ လိုက်နာရန် စည်းကမ်းချက်များ လိုက်နာမှုရှိ/မရှိစစ်ဆေးတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး