မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ (အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနက ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှု နှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အန္တရာယ်အကြောင်း ဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်မြေရပ်ကွက် မြို့မအခြေခံ ပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။