သတင်းများ

နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့ နံနက်တွင် တောင်ခရမ်း အနောက် ကျေးရွာ၌ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး Mask Campaign ပြုလုပ်
Jun 29,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ပူးပေါင်းကာ နေအိမ်ပြင်ပ သွားလာသူများ ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပညာပေး Mask Campaign ကို လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
ပေါက်မြို့တွင် RC (၁) ထပ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး ဆောက်လုပ်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး
Jun 29,2021
မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်တံခွန် ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး RC (၁) ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားသို့ တက်ရောက်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက် ၈ နာရီ ကဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်
Jun 29,2021
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ရေးနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် တပ်ကုန်းမြို့ ဆက်သွယ်ထားသည့် ကားလမ်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ် လက်ပံကျင်း ချောင်းကူးတံတား မြေထိန်းနံရံ ရေကာတာဆောင်ရွက်
Jun 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လက်ပံကျင်းကျေးရွာအနီး လက်ပံကျင်း ချောင်းကူးတံတား မြေထိန်းနံရံပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၃၀ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီးဖြစ်သည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ရန်ကုန်ဘဆွေ၏  “ မြန်မာပြည်သား ” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ စာပေဝါသနာရှင် များအား စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာမြင့်မားစေရေး၊ စဉ်းစားတွေးခေါ်တက်စေရေးအတွက် ရည်ရွယ်၍  စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသော  “ မြန်မာပြည်သား ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမ၌ ကျင်းပခဲ့သည်။