ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားသို့ တက်ရောက်

ဟင်္သာတ  ဇွန်  ၂၉

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက် ၈ နာရီ ကဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည် ဟင်္သာတမြို့ ဥယျာဉ်တောင်ရပ်ကွက်စစ်ကဲလမ်း ရှိ မြစ်ဆိပ်ကမ်းတွင် ဧရာဝတီမြစ် အတွင်းသို့ ငါးခုံးမ နှင့် ငါးမြစ်ချင်း ကောင်ရေ ( ၂ ) သိန်းငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက် ၍ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဟင်္သာတမြို့ မြို့တော်ခန်းမကြီးအတွင်း နှင့် ဆယ်ထပ်ကြီး ဘုရားဝန်းအတွင်း ရှိ သာသနာ့ဗိမာန်တော်တွင် ပြင်ဆင်ထားရှိသော Covid-19 လူနာများ ထားရှိမည့် ယာယီဆေးရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမူတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကိုဇော်