တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

တပ်ကုန်း ဇွန် ၂၉

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ရေးနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် တပ်ကုန်းမြို့ ဆက်သွယ်ထားသည့် ကားလမ်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့တွင်း ဝင်/ထွက်သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) (၁၀၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်