ပေါက်မြို့တွင် RC (၁) ထပ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး ဆောက်လုပ်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

ပေါက် ဇွန် ၂၉

မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်တံခွန် ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး RC (၁) ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

ထိုသို့ တည်ဆောက်လျက်ရှိသော  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှာ အလျား ၃၆ ပေ၊ အနံ ၃၅ ပေနှင့် အမြင့် ၁၄ ပေဖြစ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၀ ဒသမ ၅ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးမှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်မြို့  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး တည်ဆောက်ခြင်းအား စံချိန်စံညွှန်း များနှင့်အညီ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အရည် အသွေးစစ် ကော်မတီနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ဆောက်လုပ်လျက်ရှိကြောင်း  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဇွန်ဇွန်လှိုင်ထံမှ သိရသည်။

ဉာဏ်တိုး​(ပေါက်)