ကျောက်ဆည်မြို့တွင် ဟင်းသီးဟင်းရွက်ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)အသိပညာပေး သင်တန်းဖွင့်
Jun 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ထိန်းသိမ်းတတ်စေရန်၊ စားသုံးသူများ အဆိပ်အတောက်ကင်းရှင်းသော အစားအစာများ ရရှိစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ် တောင်သူများ ပိုးသတ်ဆေးအဆိပ်သင့်မှု ကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ဟင်းသီးဟင်းရွက်ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိပညာပေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။