စလင်း ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လက်ပံကျင်းကျေးရွာအနီး လက်ပံကျင်း ချောင်းကူးတံတား မြေထိန်းနံရံပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၃၀ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီးဖြစ်သည်။
လက်ပံကျင်းချောင်းကူးတံတား မြေထိန်းနံရံ ရေကာတာပြု လုပ်ဆောင်ရွက်မှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဂုဏ်ရောင်ထွန်းကုမ္ပဏီမှ တင်ဒါစနစ်ဖြင့်အောင်မြင်၍ တည်ဆောက်ခြင်းဖြစ်ရာ ယခုအခါ ရေမြောင်းများတူးခြင်း၊ သံခြင်းများတွင် ကျောက်ကြီး များထည့်၍ မြေသားကိုကာပြီး အပေါ်မှ နိုင်လွန်ပိုက်ဖြင့် ဖုံးအုပ်၍ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ လက်ပံကျင်းချောင်းသည် စလင်း-စေတုတ္တရာ ကားလမ်းမပေါ်တွင်တည်ရှိပြီး ယခုအခါ ချောင်းရေတိုက်စားမှုများကြောင့်တံတားအနီး မြေနံရံများပြိုကျပျက်စီးကာ တံတား အားထိခိုက်မည်ကိုဆိုး၍ တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက် ခြင်းဖြစ် သည်။
မြေထိန်းနံရံ ရေကာတာဆောင်ရွက်ခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သိန်းပေါင်း ၁၁၀.၄သန်း အကုန်အကျခံကာ ဇူလိုင်လအတွင်းအပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဂုဏ်ရောင်ထွန်းကုမ္ပဏီမှ ဦးထွန်းထွန်းဝင်းထံမှသိရသည်။
မောင်လွင်(စလင်း)