အုတ်ဖိုမြို့နယ်အတွင်း စားသောက်ဆိုင်များ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေမှ စတင်၍ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ရာ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့၊ အိုးသည်ကုန်းမြို့နှင့် အေးမြသာယာအုပ်စုတို့တွင် ရောင်းချလျှက်ရှိသော စားသောက်ဆိုင်များအား တာဝန်ရှိသူများမှ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် အဖွဲ့(၃)ဖွဲ့ခွဲကာ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။