ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များအတွက် ဗုဒ္ဓစာပေ စာအုပ်များ လှူဒါန်း
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြည်သူများ၊ စာအုပ်စာပေကောင်းများကို အလွယ်တကူ ဖတ်ရှု့ခွင့်ရရှိစေရန်၊ စာအုပ်စာပေများကို ချစ်မြတ်နိုးသော၊ စာဖတ်ပရိတ်သတ်များ၊ စာပေနှင့်ထိစပ်နီးစပ်ကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး၊ စာပေဗဟုသုတများစွာ ရရှိစေရန်နှင့် ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ရေးအတွက် စာဖတ်သူတို့ကိုယ်တိုင်နှင့် မိမိတို့၏ရင်သွေးငယ်များ၊ ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် စာရေးဆရာ ရွှေမေတ္တာရှင်က အဆိုပါလူထုအခြေပြုဗဟိုဌာနသို့ ဗုဒ္ဓစာပေဖြစ်သော ဗုဒ္ဓဘာသာဝင်လမ်းညွှန်စာအုပ်(၅၀)ကို လာရောက်လှူဒါန်းခဲ့သည်။