သတင်းများ

ပခုက္ကူအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅-က ဖြင့်အမှုရင်ဆိုင်ဆဲ ကာလအတွင်းအချုပ်မှသုံးဦးလွတ်မြောက်ခွင့်ပေး
Jul 01,2021
ပခုက္ကူအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်-၅၀၅-ကဖြင့်အမှု ရင်နေရသည့် အမျိုးသား၂ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အားဇွန်၃၀ ရက်ညနေ ၄ နာရီခွဲ အချိန်ကဝန်ခံကတိဖြင့်လွတ်မြောက်ခွင့်ပေးသည်။
ယင်းမာပင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထုတ်ချေးပေး
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ယင်းမာပင်မြို့နယ်၊ မြင်သာကုန်းကျေးရွာတွင် ပထမအကြိမ် ရန်ပုံငွေကျပ် သိန်း (၁၀၀) ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
မြစ်ကြီးနားမြို့၌ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲကျင်းပ
Jul 01,2021
ဧရာဝတီကရုဏာ(အခမဲ့) လူမှုကူညီရေးအသင်းမှ ဦးဆောင်ဖွင့်လှစ်သည့် အရေးပေါ်အသက် ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ပြည်မြို့၌ ၂၀၂၁ ခုနှစ် ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်း သင်တန်းဆင်းပွဲကျင်းပ
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ရတနာရွှေပြည် ခရိုင်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၁ ခုနှစ် ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရွှေတောင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်း သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအိုမြို့နယ်၊ အောက်ဆန်ဂေါင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ် ရန်ပုံငွေ စတုတ္ထအကြိမ်ပြန်လည်ထုတ်ချေး
Jul 01,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာတွင် ကျေးရွာ လူထုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မား လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ပြန်လည် ထုတ်ချေး ပေးခြင်းကို ယမနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတာ၀န်ခံနေအိမ်၌ထုတ်ချေးပေးခဲ့သည်။
မလှိုင်မြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 01,2021
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မန္တလေးတိုင်းဒသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
၂၀၂၁ ခုနှစ်၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jul 01,2021
၂၀၂၁ ခုနှစ်၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဖလားမြို့နယ်ပေါင်းစုံအသက်(၂၅)နှစ် အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ဆူးကြားနှင်းဆီဖူဆယ် ကွင်းတွင်ကျင်းပခဲ့သည်။
မိုင်းယောင်း၌ ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသဝက်များ ဖြန့်ဖြူးပေး
Jul 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသဝက်သားပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။