သုံးခွမြို့နယ်၌ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 30,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာသည့်အတွက် သုံးခွမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရေး နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ၃နာရီက နှာခေါင်းစည်း Mask များ တပ်ဆင်ပေးခြင်းနှင့် နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။