သတင်းများ

လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄၀၀)ဦးကျော်ရှိလာ၊ မြို့တွင်းဝင်မည့် ကုန်တင်ယာဉ်များ မယ်ဟန်စစ်ဆေးရေးဂိတ်၌ စတင်စစ်ဆေး
Jun 30,2021
ဇွန်လ(၂၉)ရက်နေ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်ကော်မတီ၏ စာရင်းများအရ စုစုပေါင်း(၁၆၃၆)ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာပေါင်း(၄၀၇)ဦး ရှိကြောင်း သိရှိရသည်။
မြစ်သားမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign အသိပညာပေး ဆောင်ရွက်
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Mask Campaign အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်း၊ ရွှေမုဌော ဘုရားရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချို၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ‌ နေ့စဉ်များပြားလျက်ရှိ
Jun 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ နေ့စဉ် များပြားလျက်ရှိပြီး ဇွန်လ ၂၉ ရက်နေ့တွင် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် လူဦးရေ (၆၈) ဦးကို ဆက်လက်စစ်ဆေးခဲ့ရာ (၂၀) ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေး ကျင်းပ
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် Quarantine Centre များ ပြင်ဆင်ထားရှိနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာ ခန်းမတွင် ကျင်းပဆွေးနွေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတောစျေးအတွင်း ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
VRFP ကျေးရွာမတည် လည်ပတ်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကွင်းဆင်းစစ်ဆေး
Jun 30,2021
ဖလမ်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VRDP (Village Revolving Fund Project) စီမံကိန်းလုပ်ငန်း​ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့နယ် ဇာထီလ်ကျေးရွာအား ၃၀.၆.၂၀၂၁ ရက်နေ့ တွင် ဦးဝုန်ပြင်းထန် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးရှိန်းသူအောင် (ဦးစီးအရာရှိ)၊ ဦးလျန်းဇမန် (ဒုတိယဦးစီးမှူး)တို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်တလင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းရပ်များ ဆွေးနွေး
Jun 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဆောင်ရွက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။