တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ (၆/၂၀၂၁)လအတွက် အငြိမ်းစား(၂၅၀)ဦးအား ပင်စင်လစာ ပုံမှန်ထုတ်ပေး
Jun 30,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ ဇွန်လအတွက် ပင်စင်လစာငွေများကို ဇွန်လ(၂၁)ရက်နေ့မှစ၍ထုတ်ယူ လျက်ရှိရာ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၂၅၀)ဦး တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိပြီး ဇွန်လအတွင်း ထုတ်ယူခွင့်ရှိသော အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၄၂၇)ဦး ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။