တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ (၆/၂၀၂၁)လအတွက် အငြိမ်းစား(၂၅၀)ဦးအား ပင်စင်လစာ ပုံမှန်ထုတ်ပေး

တနင်္သာရီ   ဇွန်   ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ ဇွန်လအတွက် ပင်စင်လစာငွေများကို ဇွန်လ(၂၁)ရက်နေ့မှစ၍ထုတ်ယူ  လျက်ရှိရာ  ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၂၅၀)ဦး တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိပြီး ဇွန်လအတွင်း ထုတ်ယူခွင့်ရှိသော အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၄၂၇)ဦး ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအနေဖြင့် လစဉ်လဆန်း (၁)ရက်မှ (၂၀)ရက်အတွင်း ဘဏ်ဖွင့်ရက်များ၌ နေ့စဉ်နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ လည်းကောင်း၊ လစဉ်(၂၁)ရက်နေ့မှလစာထုတ်ရက်အထိ ဘဏ်ဖွင့်ရက်များမှာ နေ့စဉ်နံနက် ၈ နာရီ မှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း မိမိကြိုက်နှစ်သက်သလို လာရောက်ထုတ်ယူနိုင်ကြောင်း၊ သို့သော်လည်း အငြိမ်းစားဝန်ထမ်းများအနေဖြင့် လစဉ်(၂၁)ရက်အနောက်ပိုင်းမှသာ လာရောက်ထုတ်ယူမှု ပိုများကြောင်း သိရှိရသည်။

အငြိမ်းစားဝန်ထမ်းများကလည်း ပင်စင်လစာငွေထုတ်ယူရန် မြန်မာ့စီးပွားရေးဘဏ်သို့ လာ ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ် တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေကွာ၍ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကိုဦးစား ပေးကူညီဖေးမခြင်းတို့ဖြင့် ပင်စင်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးပါရန် မြို့နယ်ဘဏ်မန်နေဂျာမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)