သတင်းများ

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ကျေးရွာနေပြည်သူများ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေး
Jul 01,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စ ိမ်းလန်းစိုပြည် စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ယခု ၂၀၂၁ ခုနှစ် မိုးရာသီတွင် ကျေးရွာလူထုဖြန့်ဝေခြင်း အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများအား စိုက်ပျိုး နိုင်ရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ 
သရက်မြို့ စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် Mask Campaign ပြုလုပ် 
Jul 01,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်(၇)နာရီက စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပြုလုပ်ခဲ့သည်။ 
ကျိုက်ဒုံမြို့တွင် (Covid-19)ရောဂါပိုး သံသယရှိသူ(၄)ဦးအား RDT စနစ်ဖြင့်စစ်ဆေး
Jul 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇နာရီခွဲက (Home Quarantine ) ထားရှိသည့် သီးသန့်နေအိမ်၌ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိခဲ့သော ကိုဗစ်ရောဂါပိုး သံသယရှိသူ အဖြစ်ထားရှိသူ (၄)ဦး အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးခဲ့မှုများဆောင်ရွက်ခဲ့သည်။
ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦးတွေ့ 
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦး ရှိကြောင်း မြို့နယ် ပြည်သူ့ ဆေးရုံက သိရသည်။ 
ပုဏ္ဏားကျွန်း၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား ထောက်ပံငွေများ ပေးအပ်
Jul 01,2021
လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်အတွင်း MCCT အကျိုး ခံစားခွင့် ရရှိသူများအား လစဉ်ငွေကြေး ထောက်ပံ့မှု ခံစားနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုရုံး များမှတစ်ဆင့် တာဝန်ယူထုတ်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ 
တစ်နိုင်တစ်ပိုင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေ
Jul 01,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) ချမ်းသာကြီးရပ်ကွက်တွင်  မိသားစု တစ်နိုင်တစ်ပိုင် တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်ချသည့် မိသားစုများထံမှ သိရသည်။ 
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၁၅) ဦးထပ်မံတွေ့၍ မြို့နယ်အတွင်း ပိုးတွေ့ရှိသူ  ၄၃ ဦးရှိပြီဖြစ် 
Jul 01,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇွန် ၂၉ ရက်နေ့တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မောင်တောမြို့နယ်သို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များအား ဇွန် ၂၄ ရက်နေ့ မှ ၂၉ ရက်နေ့တို့ တွင် ပိုးတွေ့ရှိခဲ့သည့်  လူနာများနှင့် ဆက်စပ်တွေ့ရှိခဲ့သူများနှင့် ဖျားနာ၊ ခေါင်းဆိုး၊ အသက်ရှုကြပ်ပြီး
မုံရွာခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ် (၂) နာရီက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။