ပူတာအိုမြို့နယ်၊ အောက်ဆန်ဂေါင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ် ရန်ပုံငွေ စတုတ္ထအကြိမ်ပြန်လည်ထုတ်ချေး

ပူတာအို ဇူလိုင် ၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာတွင် ကျေးရွာ လူထုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မား လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ပြန်လည် ထုတ်ချေး ပေးခြင်းကို ယမနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတာ၀န်ခံနေအိမ်၌ထုတ်ချေးပေးခဲ့သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေအား အရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၉)ဦး အတွက်ချေးငွေပေါင်း(၁၀၅)သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား(၂၃)ဦးအတွက် ချေးငွေပေါင်း (၁၂၁)သိန်း၊စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား(၅)ဦးအတွက် ချေးငွေပေါင်း (၂၅)သိန်း၊အသက်မွေး၀မ်း ကျောင်းအထောက်အကူပြုလုပ်ငန်းလုပ်ကိုင်သူအသင်းသား (၁၇)ဦးအတွက် ချေးငွေပေါင်း(၁၁၇)သိန်း စုစုပေါင်း အသင်းသား(၅၄)ဦးတို့ အတွက်ချေးငွေပေါင်း (၃၆၈)သိန်းအား ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။
ထိုသို့ချေးငွေထုတ်ချေးရာတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက
ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ယင်းချေးငွေများ၏အရင်းများကို တစ်နှစ်အတွင်းအကျေပြန်လည်ပေးဆပ်ရမည်ဖြစ်ရာ တစ်ရာကျပ်လျှင် အတိုးနှုန်းတစ်ကျပ်ဖြင့်ပြန်လည်ပေး ဆပ်ရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါချေးငွေထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦး စီးမှူး ဦးဌေးမြင့်နှင့်၀န်ထမ်းများက ညွှန်ကြားချက်နှင့်အညီစနစ်တကျထုတ်ပေးနိုင်ရန်အတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတာ၀န်ခံနှင့်တာ၀န်ရှိသူများအားတွေ့ဆုံကာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီများအနေဖြင့် စာရင်းဇယားများမှန်ကန်စွာ ပြုစုဖြည့်သွင်းရန်နှင့်ကျေးရွာလူထုများချေး ငွေဖြင့် အမှန်တကယ်လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စောင့်ကြည့်ကြီးကြပ်သွားရေးဆွေးနွေးခဲ့ကြောင်းသိရသည်။