၂၀၂၁ ခုနှစ်၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ညောင်ဦး ဇူလိုင် ၁
၂၀၂၁ ခုနှစ်၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဖလားမြို့နယ်ပေါင်းစုံအသက်(၂၅)နှစ် အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ဆူးကြားနှင်းဆီဖူဆယ် ကွင်းတွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး၊ ဘောလုံးဝါသနာရှင်နှစ် ဘက်အသင်းအားပေးသူများမှ ဗိုလ်လုပွဲကိုကြည့်ရှု့အားပေးခဲ့ကြသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးမှ ပူးတွဲတတိယရရရှိသော ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရးအမျိုးသား ဖူဆယ်ဘောလုံးအသင်းနှင့်၊ညောင်ဦးမြို့နယ်တောင်ဘအမျိုးသား ဖူဆယ်ဘောလုံးအသင်းတို့အား တစ်ဦးချင်းဆွဲပြားများချီးမြှင့်ပြီး၊ ပူးတွဲတတိယရရရှိသော အသင်းအား ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းမှဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တတိယဆုရရှိသောအသင်း၊ ဒုတိယဆုရရှိသော အသင်းနှင့် ပထမဆုရရှိသော အသင်းတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးလွင်နှင့်ခရိုင် အားကစား နှင့်ကာလပညာဦးစီးဌာန၊ကလက်ထောက်ညွှန်ကြားရးမှူး ဒေါ်အေးအေးမော်၊မန္တလေး လျှပ်စစ်ဓာတ်အားကော်ပရေးရှင်းမှခရိုင်မန်နေဂျာ ဦးကျော်မျိုးအောင်၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတင်မြင့်၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်မောင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးကျော်လွင်ဦး တို့ကဆုများ အသီးသီးပေးအပ်ကြသည်။
၂၀၂၁ခုနှစ်၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား၊မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန် ၂၇ရက်နေ့မှစတင် ယှဉ်ပြိုင်ခဲ့ကြပြီး ညောင်ဦးခရိုင် အတွင်းရှိမြို့နယ်များမှအသင်း(၆)သင်း ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD