မိုင်းကိုင်မြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းကိုင် ဇူလိုင် ၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက်  ၉ နာရီအချိန်က  ဝမ်ဖွီးကျေးရွာအုပ်စု၊ ကတ်ဖွီးကျေးရွာအဝင် ဆိုင်းဘုတ်အနီး ကွင်းပြင်၌  ကျင်းပပြု လုပ်ခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦး စီးဌာန ဦးစီးအရာရှိ ဦးစိုင်းခွန်ဖုန်းနှင့် ဝန်ထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်လုပ်သား ပြည်သူများ  တက်ရောက်ခဲ့ကြသည်။

 

မိုးရာသီစုပေါင်း  သစ်ပင်စိုက်ပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဌာနဆိုင်ရာများနှင့် တက်ရောက် လာကြသော ရပ်ကွက်လုပ်သားပြည်သူများအား ခါတော်မီ ပျိုးပင်များကို  ပေးအပ်ခဲ့ပြီးနောက်    ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး  သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေး ခါတော်မီပျိုးပင်ပေါင်း  ၅၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)