သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ (လှသကောအင်း) သဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်

သံဖြူဇရပ် ဇူလိုင်  ၃

သံဖြူဇရပ်မြို့နယ်  ကျုံကဒတ်ကျေးရွာ  (လှသကောအင်း)  သဘာဝရေပြင်အတွင်း ငါးသယံဇာတ တိုးပွားရေး၊  ငါးရိက္ခာဖူလုံရေးနှင့် ငါးစားသုံးမှုတိုးတက်စေရန် ရည်ရွယ်၍ သဘာဝရေပြင်၊ ရေကန် အတွင်းသို့  ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင် ရာများ၊ မြို့နယ်ငါးမျိုး စိုက်ထည့်ရေး ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ကြပြီး ၂ လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀) နှင့်   ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၆၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။