မချမ်းဘော့မြို့တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး ကြေညာ

မချမ်းဘော့   ဇူလိုင် ၃

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်(၉)အချိန်၌ မချမ်းဘော့မြို့ မြို့မဈေးနင့်မြို့ ပေါ်ရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပေးကြေညာချက်တွင် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး၊ လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေထိုင်ရေးတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ ရုံးဌာန ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား တစ်ဦးကိုတစ်ဦးအသိပေးခြင်း၊ သတိပေးခြင်း တို့ကို လူတိုင်း မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါ၀င် ဆောင်ရွက်ကြရန် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအခက်အလက်များကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ တရား၀င် အင်တာနက်စာမျက်နှာတွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း  မချမ်းဘောမြို့ ပေါ် ရှိရပ်ကွက်များတွင် လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။

 

မချမ်းဘော့ (ပြန်/ဆက်)