ဟုမ္မလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး

ဟုမ္မလင်း ဇူလိုင် ၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှု နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါ ကွင်းဆင်း စစ်ဆေးနေရာသို့ ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံ ဦးကောင်းမော်၊ ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးဇင်မျိုး၊ မြို့နယ်စီမံကိန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ဟုမ္မလင်းမြို့နယ်၊ သပြေကုန်း၊ နောင်မိုး၊ နမ့်တောနှင့် ဆက်သွယ်သည့် ကျေးရွာ​ခြင်း ဆက်လမ်း၊ ၁မိုင်၊ ၃ဖာလုံ ကျောက်ရော မြေသားလမ်း ဆောင်ရွက်ပြီးစီးနေမှုအား စစ်ဆေးခြင်း၊ နမ့်တော တိုက်နယ် ဆေးရုံ ပြီးစီးနေမှု အခြေအနေ စစ်ဆေးပြီး၊ ရေမြစ်ဖြိုးဦးစီးဌာနမှ ဆောင်ရွက်သည့် ခေါက်ငိုးရွာ မြစ်ထိန်းနံရံ အား စစ်ဆေးဆောင်ရွက်ပြီးစီးမှုနှင့် ခေါက်ငိုး-နောင်ခမ်း လမ်းတံတား ပေ ၃၀ အကျယ် ဆောင်ရွက် နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

အလာတူ နတ်နန်းကျေရွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဂိတ်စင် တာတွင် ဆန်အိပ်၊နှာခေါင်းစည်း(Maske)၊ အသိပညာပေး ပိုစတာဗီနိုင်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ နတ်နန်း အထက(ခွဲ)​ ကျောင်းပြင်ထိန်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

လင်းလင်း