ညောင်ဦး ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေခက်ခဲလျက်ရှိသည့် ပျဉ်တိုင်း ကျေးရွာသို့ သောက်သုံးရေ ဂါလံ ၂၄၀၀ လှူဒါန်းခြင်းအား ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်နှင့် ယနေ့ နံနက် ၈နာရီ အချိန်ခန့်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာတွင် စက်ရေတွင်းရှိသော်လည်း စက်ရေတွင်း ပျက်နေခြင်းကြောင့် သောက်သုံးရေခက်ခဲနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကူ အညီတောင်းခံမှုကြောင့် အေးမေတ္တာ သောက်ရေ အလှူတော်အဖွဲ့ကသွားရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပျဉ်တိုင်းကျေးရွာတွင် အိမ်ထောင်စု-၃၁၆ အိမ်၊ လူဦးရေ ၁၄၈၃ ဦး နေထိုင်ကြပြီး သောက်သုံးရေရှားပါးလျက်ရှိနေကြောင်း ပျဉ်တိုင်းရွာမှ ဦးအောင်ကြည်ကရှင်းပြခဲ့သည်။
ကိုထိန်၊ KPD