ဝိုင်းမော် ဇူလိုင် ၃
ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာရှိ မြေကွက်လပ်တွင် ဌာနတွင်းဝန်ထမ်းများ စုပေါင်း၍ သစ်ပင်များ စိုက်ပျိုး ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြား ရေးမှူး ဦးမျိုးသန့်၊ ဝိုင်းမော်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးတင်ကိုကိုနှင့် ဌာနတွင်း ဝန်ထမ်းများက ကျွန်း၊ သစ်မာ၊ ဒညင်းသီး၊ လိုင်ချီးသီး၊ သရက်သီး၊ ဝါးမင်း၊ စသည့် သီးပင်စားပင်များ အပင်(၇၀)ကျော်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ခိုင်သက်မွန်