ကန်ပိုက်တီ ဇူလိုင် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ မြို့ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး Mask Campaign လှုပ်ရှားမှု ဆောင်ရွက်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုတွင် မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်လွင် ဦးဆောင်၍ မြို့ဆရာဝန် ဒေါက်တာ တောင်ဇင်အောင်၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများက မြို့ပေါ်ရပ်ကွက်(၁)၊ (၂)၊ (၃) အထက်တန်းကျောင်း၊ မြို့ပေါ်ရှိဈေးတန်းနှင့် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်း(Mask)အခုရေ(၂၇၀၀)နှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့သည်။
မြို့(ပြန်/ဆက်)