ဝမ်းတွင်း ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဂုဏ်ရွာစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်ထာင်စုလွှတ်တော် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုးချဲ့ ကျောင်းဆောင်သစ် ဆောင်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာပန္နက်တင် အခမ်းအနားတွင် ဂုဏ်ရွာစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာသီ၊ ကျေးရွာ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမြမင်းဦး၊ ကျောင်းဆောင်သစ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ မင်းမင်းခိုင်ကုမ္ပဏီမှ တာဝန်ခံ ဦးကြည်မင်းခိုင်တို့က မင်္ဂလာအချိန်တွင် ပန္နက်တင်ခဲ့ကြသည်။
အဆိုပါ တိုးချဲ့ကျောင်းဆောင်သစ် ကိုမင်းမင်းခိုင်ကုမ္ပဏီမှ လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးငွေကျပ် (၅၂)သန်းဖြင့် အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေနှင့် အောက်ခံခုံ(၃)ပေဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)