ဒဂုံ (အရှေ့) ဇူလိုင် ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့အကျင့်များ ရရှိစေရန်အတွက်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်းနှင့် Mask Campaign ကို ယနေ့ နံနက်(၈)နာရီက (၈)ရပ်ကွက်၊ အမှတ်(၂)စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်၊ စျေးရောင်း၊ စျေးဝယ်ပြည်သူ များအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှသာ သွားလာကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး Mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။