လိပ်သို ဇူလိုင် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အခြေခံပညာကျောင်းများအား ယမန်နေ့မှစတင်၍ ယာယီပိတ်ထားကြောင်း သိရသည်။
နိုင်ငံတစ်ဝှမ်းမှာ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုနှုန်း မြင့်တက်လာခြင်းနှင့် လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာရှိနေခြင်းကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံ့ မှုမရှိစေရေးအတွက် လိပ်သိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား ဇူလိုင်လ ၇ ရက်နေ့မှ ၁၆ ရက်နေ့အထိ ခေတ္တယာယီပိတ်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
နွယ်နွယ်ခိုင်