သတင်းများ

နောင်ချိုမြို့ ဂေါ်ရခါး လူမှုကူညီရေးအသင်းမှ မြို့ပေါ်ရုံးများနှင့်ကံကြီးလမ်းတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ဂေါ်ရခါး လူမှုကူညီရေးအသင်းမှ ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကံကြီးလမ်းတစ်လျှောက် ပိုးသတ် ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်း စုပေါင်းလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဆောင်ရွက်
Jul 08,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက စုပေါင်းလှုပ်ရှားမှု တစ်ရပ်အနေဖြင့် ယနေ့နံနက်ပိုင်းက စတင်ပြီးဆောင်ရွက်လျက်ရှိသည်။
ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်း မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် Quarantine Center တွင် RDT Test Kit ဖြင့် စစ်ဆေးရာ(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြပါရမီကိုယ်ပိုင် အထက်တန်းကျောင်း Quarantine Center တို့တွင် ဇူ မွန်းလွဲပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ (၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိသူ(၃၆၉)ဦးထိရှိလာ
Jul 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိသူ (၃၆၉)ဦးထိရှိလာကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
Jul 08,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နေ့လယ်(၂)နာရီအချိန်က တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီး ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များထံမှ ဩဝါဒခံယူ
Jul 08,2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် များထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ မြို့နာမ်စေတီတော်ကြီး၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆) ဦးတွေ့ရှိ
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ ညနေက ဆေးရုံသို့လာပြသည့် လူနာများအား RDT နှင့် PCR စစ်ဆေးမှုများမှ အတည် ပြုလူနာ(၆)ဦး ထပ်မံတွေ့ရှိကြောင်း၊ မြို့နယ်ကျန်းမာရေး စောင့်ရှောက်မှုကော်မတီမှ သိရသည်။