သာယာဝတီ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချောင်းသုံးခွအုပ်စု၊ ကျွန်းကုန်းကျေးရွာ အနီးရှိ တောင်သူဦးစံအေး၏ ကွင်းအမှတ်(၇၀)တွင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် မျိုးပြောင်းလဲစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးမှုလျော့နည်းစေရန် စိုက်ချိန် ပြောင်းလဲစိုက်ပျိုးခြင်း၊ သီးနှံနှင့်မျိုး ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေမြုပ်ဒဏ်ခံနိုင်တဲ့ စပါးမျိုးကို ယခင် စိုက်ပျိုးခဲ့သော ဆင်းသုခ အမျိုးအစားနေရာတွင် အစားထိုးစိုက်ပျိုးခြင်း စသည့် တောင်သူနည်း ပညာပေး စိုက်ပျိုးရေး နည်းလမ်းများ၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မျိုးပြောင်းလဲ စိုက်ပျိုးရာတွင် ရေမြုပ်ခံစပါး စိုက်ပျိုးခြင်းဖြင့် ရေနစ်မြုပ်မှုကို ၁၄ ရက်ခန့် ခံနိုင်ရည်ရှိ သည့်အတွက် ပျက်စီးဆုံးရှုံးမှု သက်သာစေပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် မျိုးစေ့ကုန် သက်သာစေခြင်း၊ လုပ်သားရှားပါးမှု ပြဿနာဖြေရှင်းပြီးသားဖြစ်ခြင်း၊ စိုက်ပျိုးရေး နည်းပညာရဲ့ အလေ့ အကျင့်ကောင်းများကို လိုက်နာရန် လွယ်ကူခြင်း၊ အပင်ပြုစု စောင့်ရှောက်ရာတွင်လည်း ပေါင်းနုတ်၊ သမန်းနိုးလွယ်ကူပြီး စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သော ကြောင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော်