နောင်တရား ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင်း၌ နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့များက Covid-19 ရောဂါကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အများပြည်သူသွားလာမှုများပြားသော ဘုန်းတော်ကြီးကျောင်း၊ လမ်းများ၊ ဈေး၊ အိမ်များနှင့်စျေးဆိုင်များတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အသံချဲ့စက်ဖြင့် Covid-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း နှိုးဆော်သည်။
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက် နိုင်ရန်အတွက် မြို့ပေါ်အလှူရှင်များ၊ ကျေးရွာအလှူရှင်များနှင့် ရပ်ဝေးမှ အလှူရှင်များက ပိုးသတ်ဆေးနှင့် အလှူငွေများ လာရောက်လှူဒါန်းကြသည်။
"နောင်တရားမြို့အနီးတစ်ဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာများသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်" ဟု နောင်တရားဒေသ လူငယ်များပရဟိတအဖွဲ့မှ သိရသည်။
ခွန်အောင်(နောင်တရား)