Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 08,2021
ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ စားသောက်ဆိုင်များ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 08,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များအား ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ (၂၆)ဦးရှိ
Jul 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ရောဂါပျောက်ကင်းပြီး ပြန်လည် ကျန်းမာ၍ ဆေးရုံမှဆေးခွင့်ရရှိသူ (၂၆)ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် မိုးသီးနှံစိုက်ပျိုးတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ သိန်း ၃၀၀၀ ကျော် ထုတ်ချေးထားပြီးဖြစ်
Jul 08,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ယခု ၂၀၂၁ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး တောင်သူများလက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၆ ရက်နေ့အထိ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ သိန်း ၃၀၀၀ ကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်
Jul 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ ရောဂါကုသရေး စင်တာကို စတင်ဖွင့်လှစ် ကုသဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ပြည်သူများ၏ကျန်းမာရေးအတွက် နေ့စဉ်ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
Jul 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီ အသင်း (အင်းစိန်) မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ (၂၉)ဦး ထပ်မံတွေ့ရှိ
Jul 08,2021
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သံသယလူနာများအား ပြည်သူ့ဆေးရုံနှင့် လိုင်တွီးကျေးရွာ၊ တုန်ရှာလ်ကျေးရွာ၊ ဖူနွမ်းကျေးရွာများတွင် ဇူလိုင်၇ရက်နေ့၌ (၁၁၆)ဦး စစ်ဆေးရာ(၂၉)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ယာယီဆေးကုသဆောင်နှင့် Quarantine Centre တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
Jul 08,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် တုံးပုံကျေးရွာလမ်းခွဲအနီး အိုးအိမ် ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၂)၊ ကိုဗစ်−၁၉ရောဂါ ယာယီ ဆေးကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၁)၊ Quarantine Centre တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန် က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25170
Page
25171
Page
25172
Page
25173
Current page
25174
Page
25175
Page
25176
Page
25177
Page
25178
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department