ကိုဗစ်-၁၉ ​​ ရောဂါပျံ့နှံ့မှုမရှိ စေ​ ရေးလူစည်ကားရာ နေရာများ၌ Mask Campaign ဆောင်ရွက်

ဘူးသီးတောင် ဇူလိုင် ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျန်‌အေးနှင့် အဖွဲ့ဝင်များ၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့အမှုဆောင်အရာရှိဦးခင်မောင်ဇံနှင့်ဝန်ထမ်းများ၊ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနဝန်ထမ်းများ၊ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့နံနက်(၈)နာရီခွဲအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန့်မရှေ့‌၌​​ ပြည်သူများ၊ဈေးရောင်း/ဈေးဝယ်လာသူများအား Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ Mask Campaign ကို လူစည်ကားရာ နေရာများဖြစ်သည့် ဦးဉတ္တမခန့်မရှေ့၊မြို့အဝင်၊အထွက်ဂိတ်များ၊ မြို့မစည်ပင်သာယာဈေးများတွင်နှာခေါင်းစည်း ( Mask) များကို( အခမဲ့ )​ ဖြန့်ဝေပေးခြင်း၊လက်သန့်‌​ ဆေးရည်များဖြင့်လက်များ​ ဖြင့်လက်ကို​​​ ဆေးကြောစေခြင်းများပြုလုပ်သည်။

ထို့အပြင်မိဘပြည်သူများအ‌နေဖြင့်အပြင်ထွက် လျှင်ပါးစပ်၊နှာခေါင်းစည်း(Mask)များတပ်ဆင်ပြီးမှသွားလာရန် သတိပေးပြောကြားခြင်း၊ဈေးရောင်း/ဈေးဝယ်သူများအနေဖြင့်လည်း(Mask )များ တပ်ဆင်အသုံးပြုပြီးမှ ဈေးရောင်း/ဈေးဝယ်ပြုလုပ်ကြရန် ပညာပေးဟောပြောခဲ့ကြကြောင်းသိရသည်။ Mask Campaignပြုလုပ်ရာတွင်ပါးစပ်၊ နှာခေါင်းစည်း( Mask) အခုရေ(၅၀၀)ကို (အခမဲ့)ဖြန့်ဝေနိုင်ခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်