သံတောင်ကြီးမြို့နယ် သံမိုးတောင်(အောက်) ကျေးရွာတွင် ခေါင်းဆောင်မှုနည်းပြ သင်တန်းဖွင့်လှစ်
Jul 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဦးစီး၍ ကျေးရွာအဆင့် ခေါင်းဆောင်မှုနည်းပြသင်တန်းကို ယနေ့နံနက်ပိုင်းက သံမိုးတောင် (အောက်) ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဝင်များမှ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စေရန်အတွက် ကျေးရွာလူထုကိုစည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီး ကျင့်သုံးတတ်လာစေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း နှင့် ဝန်ထမ်းများက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။