သတင်းများ

အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)အသိပညာပေးသင်တန်းနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ်ပို့ချ
Jul 08,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)အသိပညာပေးသင်တန်းနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက် ၉နာရီက ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၁) ဦး ထပ်မံတွေ့ရှိ
Jul 08,2021
မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သည့် သံသယရှိသူ (၈)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အနောက်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး (၁)ဦးထံမှ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
အရာ​​တော်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၀) ဦး ထပ်မံ​တွေ့ရှိ
Jul 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာ​တော်မြို့နယ်တွင် ယ​​နေ့နံနက် ၈ နာရီက ကိုဗစ်-၁၉ အတည်ပြု လူနာနှင့် ထိစပ်ထားသူများနှင့် အနံ့မရရှိသူ(၄၀)တို့အား မြို့နယ် ပြည်သူ့​ဆေးရုံတွင်RDT( Rapid Test Kit) ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၀) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာ​​ရေးဦးစီးဌာနက သိရသည်။
ကျိုက်မရော ၌ အခြေခံစက်ချုပ်ပညာသင်တန်းဆင်းပွဲကျင်းပ
Jul 08,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေ အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသောအသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်၁၀နာရီကကြံတောကျေးရွာ ဓမ္မာရုံ၌ကျင်းပ ပြုလုပ်သည်။
မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Jul 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်စည်ပင်သာယာယာရေး မြို့မဈေးကြီး အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံ ခြုံရေး အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ နေ့လည် ၂ နာရီက အဆိုပါမြို့မဈေးကြီး၌ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝန်းသိုမြို့တွင် VDP စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jul 08,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထပ်တိုးဆောင်ရွက်မည့် ကျေးရွာ နှစ်ရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင် COVID -19 ရောဂါကူးစက်သူများအား ကုသပေးနေမှုအခြေအနေများနှင့် Facility Quarantine များ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Jul 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်COVID – 19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ်ကာကွယ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်ကော်မတီဝင်များသည် COVID – 19 ရောဂါ ကူးစက်သူများကို ကုသပေးနေ သည့် မိုးမိတ်ကုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံနှင့် Facility Quarantine များ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၅၅၀ ဦးထိရှိလာ
Jul 08,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ ယမန်နေ့အထိ ၅၅၀ ဦး ရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။