ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (Stay at Home ) သတ်မှတ်ထားသော မြို့နယ်များ၌ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးကြပ်မတ်
Jul 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားလာသည့်အတွက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျဉ်းမနား-တောင်ညိုလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်နယ်စပ်)၊ နေပြည်တော်ကောင်စီလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် နယ်စပ်)၊ တော်ဝင်ရတနာလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် နယ်စပ်)၊ ရာဇသင်္ဂဟလမ်း (ရေပန်းဥယျာဉ်ပေါက်ရှေ့)၊ နန်းချွန်လမ်းဆုံ၊ ဇမ္ဗူသီရိဆေးရုံလမ်း (ချိုင်းရွာလမ်းဆုံ)၊ တော်ဝင်ရတနာလမ်း (ရွှေကြာပင်မီးပွိုင့်)၊ ရာဇသင်္ဂဟလမ်း (ဂေါက်ကွင်းထိပ်)၊ ဉာဏ အောင်မြေလမ်း (MICC-2)ရှေ့နှင့် နေပြည်တော်မြို့ပတ်လမ်း (V-4 လမ်းဆုံ) တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက အဖွဲ့ (၁၀) ဖွဲ့ခွဲကာ Stay at Home နှင့် စပ်လျဉ်းသည့် အမိန့်ကြေညာချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ယနေ့နံနက်ပိုင်းမှ စတင်ကာကြပ်မတ် စစ်ဆေးလျက်ရှိသည်။