ပေါက်ခေါင်းမြို့တွင် (၂၂)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 09,2021
ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန် မြို့နယ်အားကစားကွင်း၌ ယခင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူလူနာနှင့် အနီးကပ်ထိစပ်ခဲ့သော Contact person (၂၆၆) ဦး၊ အနံ့ပျောက်၍ ကျန်းမာရေး ဌာနသို့ လာရောက်သတင်းပို့သူ (၄)ဦး၊ စုစုပေါင်း (၂၇၀) ဦးတို့အား RDT ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ (၂၂) ဦး ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ဇူလိုင်လ ၂ ရက်နေ့မှ ယနေ့ထိ စုစုပေါင်းလူနာ (၇၅) ဦးရှိပြီဖြစ်သည်။