မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၁)ဦးထပ်မံတွေ့ရှိ
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ သူများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုကြပ်ပြီး မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ပြသခဲ့သူများအား ဇူလိုင်(၆)ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၆ နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၀)ဦး မှာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။