သတင်းများ

ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက်  အသိပေးနှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့်  သင်္ဃန်းကျွန်းစျေးနှင့် စံပြစျေးများအတွင်း လှည့်လည်ကြေညာ
Jul 23,2021
ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ လျော့နည်းစေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဈေးများအတွင်း အသိပေးနှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
လမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Centre  ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 23,2021
မွန်ပြည်နယ်၊ လမိုင်းမြို့ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ ယမန်နေ့ ညနေ၃နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောင်မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တ သောဘဏနှင့် ဘုရားကျောင်းဆရာတော် ဘဒ္ဒန္တ တေဇဘာသတို့ ဦးဆောင်၍ အ-ထ-က လမိုင်းကျောင်း၌ Quarantine Centre  ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေ၀င်ရောက်
Jul 23,2021
မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေ၀င်ရောက်
ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေး ကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ(၂)ခုတို့ထံ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
Jul 23,2021
ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေး ကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ(၂)ခုတို့ထံ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
သန်လျင်မြိုနယ် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 23,2021
ရန်ကုန်တောင်ဏိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်- (၁၉) ရောဂါ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း  ယမန်နေ့ မွန်းလွဲပိုင်း က အဆိုပါ အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။
    တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်
Jul 23,2021
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရေး ဆောင်ရန်/ ရှောင်ရန်များနှင့် ကိုဗစ်- ၁၉ အတည်ပြုလူနာများအား ကုသရေးစင်တာများထား၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူများအား ရှာဖွေသယ်ယူပို့ဆောင်ပေး
Jul 23,2021
စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေ၍ သက်ဆိုင်ရာ ကုသရေးစင်တာများ၊ ကန့်သတ်စောင့်ကြည့်ရေးနေရာများသို့ လျင်မြန်စွာ သယ်ယူပို့ ဆောင်ပေးနေလျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါ သံသယလူနာစောင့်ကြည့်ရေးနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။
အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးအမိုးလန်ပျက်စီး
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ယမန်နေ့ ညနေ ၅နာရီ၃၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကြို့ကိုးပင်ကျေးရွာအုပ်စု၊ တောင်ကုန်း ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။